Events
67th Bangkok Gems & Jewelry Fair BGJF 2022 ကုန်စည်ပြပွဲ ကျင်းပမည်
Updated At: 2022-07-06 10:38:55

67th Bangkok Gems & Jewelry Fair BGJF 2022 ကုန်စည်ပြပွဲကို ထိုင်းနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP) မှ ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဘန်ကောက်မြို့၊ IMPACT ၊ Muang Thong Thani တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါပြပွဲသည် ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးနှင့် အရှည်ကြာဆုံး ကျောက်မျက်ရတနာပြပွဲများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး အရည်အသွေးပြည့်မီသော ထုတ်ကုန်များ ကျယ်ပြန့်သော အရင်းအမြစ်များနှင့် ဆန်းသစ်သော ဒီဇိုင်း များအတွက် ကမ္ဘာလုံးဆိုင်ရာ ယုံကြည်စိတ်ချရသော စျေးကွက်တစ်ခု ဖြစ်သည်။
အထက်ပါပြပွဲသို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်ကုမ္ပဏီများ ပါဝင်ပြသခြင်းဖြင့် မြန်မာ့ကျောက်မျက်လက်ဝတ်ရတနာပစ္စည်းများအတွက် စျေးကွက်သစ်များ ရှာဖွေရရှိနိုင်ခြင်းနှင့် နိုင်ငံတကာစီးပွားရေးအခွင့်အလမ်းသစ်များ ဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။ အဆိုပါပြပွဲတွင် ထိုင်းနှင့်နိုင်ငံတကာမှ ထုတ်လုပ်သည့် လက်ဝတ်ရတနာများဖြစ်သည့် ပုလဲ၊ စိန်၊ ရွှေ လက်ဝတ်ရတနာများ၊ ကျောက်မျက်လက်ဝတ်ရတနာအချောထည်များ၊ ငွေလက်ဝတ်ရတနာများ၊ ဝတ်စုံနှင့်ဖက်ရှင်လက်ဝတ်ရတနာများအပါအဝင် လက်ဝတ်ရတနာမျိုးစုံ ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ပြခန်းပေါင်း (၁၀၀၀) တွင် နိုင်ငံတကာအသီးသီးမှ ကုမ္ပဏီပေါင်း (၇၀၀) ခန့် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရှိရပါသည်။
ပြပွဲဆိုင်ရာ အချက်အလက်များ သိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ် (၃)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ ၀၆၇-၄၀၈၆၂၃ နှင့် email: [email protected] နှင့် moctradefair@ myantrade.gov.mm တို့သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
MITC News
Event Details
- Date
- 7th to 11th Sepetmber
- Location
- ဘန်ကောက်မြို့၊ IMPACT ၊ Muang Thong Thani
- Website
- www.myantrade.org
More Events
AYUSH UTSAV 2025 ပြပွဲ ကျင်းပမည်
Date: 4th to 6th September, 2025
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) ကျင်းပပြုလုပ်မည်
Date: 4th to 10th September, 2025
Sri Lanka EXPO 2026 ပြပွဲ ကျင်းပပြုလုပ်မည်
Date: 18th to 21st June, 2026